Local News

ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲ B(1,2)နှင့် ဖွဲနုဈေးများတည်ငြိမ်ပြီး ဧည့်မထဆန် (သစ်) ဈေးကျဆင်း၍ ဧည့်မထဆန်(ဟောင်း) နှင့် ဆန်ကွဲ B(2,3,4) ဈေးများ မြင့်တက်လျက်ရှိ

Last Updated:

   ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိသည်။ ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၆.၁၀.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ် အိတ် ၅၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၁၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၃.၁၀.၂၀၂၅) ရက်နေ့ တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်) တစ်အိတ် ၄၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၂၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၆၀၀ ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။

   ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်နှင့် ဆန်ကွဲB(2,3,4)တစ်အိတ် ၁၀၀ဝကျပ်ဈေးတက်၍ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၅၀၀ဝကျပ် ဈေးကျဆင်းကာ  ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(1,2) နှင့် ဖွဲနုဈေးများ တည်ငြိမ်လျက် ရှိသည်။ ဧည့်မထဆန် (မနောသုခ)(ဟောင်း)နှင့် ဆန်ကွဲB(2,3,4)ဈေးများ မြင့်တက်လာခြင်းမှာ ကုန် ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဧည့်မထဆန် (မနောသုခ) (သစ်) ဈေးကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌမှ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News